ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ဒေသသုံးပန့်နှင့် ဆိုလာကုန်ကျစရိတ်နှိုင်းယှဉ် သရုပ် ပြပွဲ တတ်ရောက်ကြည့်ရှု

သာပေါင်း မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊  အမှတ်(၁၂)၊ ရေသွယ် မြောင်းတွင် ယမန်နေ့ နံနက် ၁၀နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစီ အစဉ်ဖြင့် Mega Global Green Automation ကုမ္ပဏီမှ လယ်ဧက (၂၅) ဧကအတွက် ဒေသသုံး ပန့်နှင့် ဆိုလာကုန်ကျစရိတ် နှိုင်းယှဉ်ချက် သရုပ်ပြသခဲ့သည်။

သရုပ်ပြသပွဲသို့  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်ဌာနဆိုင်ရာများ၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာ ထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတတ်ရေးဦးစီးဌာန အစီအစဉ်ဖြင့် Mega Global Green Automation ကုမ္ပဏီမှ လယ်ဧက (၂၅)ဧကအတွက် ဒေသသုံးပန့်နှင့် ဆိုလာကုန်ကျစရိတ် နှိုင်းယှဉ်ချက်သရုပ်ပြသပွဲအား လေ့လာ ကြည့်ရှုအားပေးကြပြီး သိရှိလိုသည်များအား မေးမြန်းကြရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့မှ ၅၆၀B ကွင်းရှိ တောင်သူဦးကျော်စွာ လယ်(၁၄)ဧက နွေစပါးရိတ်သိမ်းမှုအား ကြည့်ရှုအားပေးပြီး သိရှိလိုသည်များ ကို တောင်သူများနှင့် ရင်းနှီးပွင့်လင်းစွာ မေးမြန်းဖြေကြားခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း