Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ကြီးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Mar 18,2022
နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူ ဖြစ်စေနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး (၁၅) ကီလိုမီတာ တာဝေးအပြေးပြိုင်ပွဲ၊ သဲသောင်ပြင် ဘောလီဘေ…
Mar 18,2022
မော်လမြိုင် မတ် ၁၈ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အဆင့်မီ အရည်အသွေးရှိသော ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစား လှုပ်ရှားမှုကို စိတ်ပါဝင်စားလာရန်၊ အားကစားနည်းများအလိုက် စိတ်ပါဝင်စားပြီး၊ ပူးပေါင်း ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ပြည်နယ်၏ ဂုဏ်ကို တန်ဖိုးထား ကာကွယ်ထိန်းသိမ်းတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အားကစား ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး (၁၅)ကီလိုမီတာတာ ဝေးအပြေးပြိုင်ပွဲ၊ သဲသောင်ပြင် ဘောလီဘောပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲများ ကျင်းပခဲ့ရာ ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အားကစားနှင့် ကာယပညာဦးစီးဌာ၊ အားကစားနှင့်ကာယပညာ သင်တန်းတွင် အမျိုးသား၊ အမျိုးသမီး (၁၅)ကီလိုမီတာ တာဝေးအပြေးပြိုင်ပွဲတွင် (၃၅)ဦးပါ၀င် ယှဉ်ပြိုင်ခဲ့ကြရာ ပန်းဝင်လာသည့် တာဝေးအပြေးသမားများအား ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်မီးသတ်ဦးစီးဌာန၏ အထပ်မြင့်မီးငြှိမ်းသတ်ရေးနှင့် အထူးရှာဖွေကယ်ဆယ်ရေး သရုပ်ပြအခမ်းအနားသို့ တက်ရောက်အားပေး
Mar 18,2022
ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ် များ မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရေး၊ ဖြစ်ပွားလာပါက ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင် ရေးနှင့် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်တိုးတက်မြင့်မားလာရေးအတွက် အထပ်မြင့် မီးငြှိမ်းသတ်ရေးနှင့် အထူးရှာဖွေကယ်ဆယ်ရေး သရုပ်ပြအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ပြည်နယ်မီးသတ်ဦးစီးဌာနရုံးဝင်းအတွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံ
Mar 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၄) ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်
Mar 18,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ ကျန်းမာရေးဆိုင်ရာ အသိအမြင် ဗဟုသုတများကို လက်တွေ့ဘဝတွင် အသုံးချတတ် လာစေရန် ရည်ရွယ်၍ စာရေး ဆရာ ဒေါက်တာကျော်စိန်၏ “လူငယ်လမ်းညွန်”စာအုပ်ဖြင့် ယနေ့နံနက်(၁၀းဝဝ)အချိန်ခန့်က လူထုအခြေပြု ဗဟို ဌာန ( Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ အေးချမ်းစွာ ဆက်လက်ဖြေဆို
Mar 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ပဲခူးမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီမှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက် ကျင်းပရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လျှပ်စစ်အန္တရယ်ကင်းရှင်းရေးနှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေး Talk Show ဆောင်ရွက်
Mar 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်း ရေးနှင့်လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေး (Talk Show) ကို ယနေ့ မွန်းလွဲ (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Mar 18,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနသို့ ပူးပေါင်း၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ခရိုင်ပြန်ဆက် ဦးစီးဌာန(Community Centre) ခန်းမတွင် ကျင်းပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22040
Page
22041
Page
22042
Page
22043
Current page
22044
Page
22045
Page
22046
Page
22047
Page
22048
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department