မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ စာပေဖတ်ရှုမှု စဉ်ဆက်မပြတ်စေရန် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲ ကျင်းပ

မြောင်းမြ  မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုလေ့လာမှု စဥ်ဆက်မပြတ်စေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက်၊ တပ်မတော်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲကို  ယမန်နေ့ နေ့လယ် (၁၂)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေကို ဖတ်ရှုခြင်းဖြင့်    အမှားအမှန် စဉ်းစားဝေဖန်နိုင်မှုများ တိုးတက်စေပြီး အကျိုးရှိမည့် အသိပညာ၊ အတတ်ပညာများ ရရှိစေရန်အတွက် ယခုလို စာအုပ်ပြပွဲများကို ကျင်းပ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ စာအုပ်ပြပွဲတွင် လူငယ်များနှင့် စာပေချစ်သူများ ဗဟုသုတရဖွယ် သုတရသ စာအုပ်များ စုံလင်စွာပြသပေးခဲ့ရာ တက်ရောက်လာကြသော စာအုပ်စာပေ ချစ်မြတ်နိုးသူ များက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

ခင်ရူပါအေး