အမြို့မြို့အနယ်နယ်သတင်းများ

Mar 18,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးတို့ ပူးပေါင်း၍ တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Mar 18,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက် (၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase (6) (Covishield)၊Phase(7)(Covaxin)တို့ကို ဒုတိယအကြိမ် အဖြစ်နှင့် Phase(8)( Covaxin )တို့ကို ပထမအကြိမ်အဖြစ်စုရပ် ၃ ခု၌ ယမန်နေ့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 18,2022
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ကို မတ် ၁၈ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Mar 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် မြို့အဝင်အထွက်နေရာများ၌ ၁၈ နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးခြင်း ရှိ /မရှိစစ်ဆေးပြီး မထိုးနှံရသေး သူများအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
Mar 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများ၌ အတန်းအသီးသီးတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့နံနက် ၉နာရီမှစ၍ ကျောင်းတွင်းစစ်စာမေးပွဲများ ကျင်းပရာ ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
Mar 18,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာ ကျောင်းပေါင်း(၂၅၃)ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား(၈၁၄၂)ဦး၊ ကျောင်းသူ(၇၈၉၉)ဦး စုစုပေါင်း(၁၆၀၄၃)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား (၄၈၇၀)ဦး၊ ကျောင်သူ(၅၀၀၀)ဦး၊ စုစုပေါင်း(၉၉၅၅)ဦး၊ အထက်တန်းအဆင့် ကျောင်းသား(၁၀၀၅)ဦး၊ ကျောင်းသူ(၁၂၇၂)ဦးစု စုပေါင်း (၂၂၇၇) ဦးတို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို မိမိတို့သက်ဆိုင်ရာ ကျောင်းများအလိုက် ယနေ့ နံနက်(၉)နာရီအချိန်မှစ၍ ဒုတိယနေ့အဖြစ်အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။
Mar 18,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၃၄၃.၂၈၃) သန်းဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ကွန်ကရစ်လမ်း ၁/၄ မိုင် ခင်းခြင်းလုပ်ငန်း၏ ဆောင်ရွက်ပြီးစီးမှုအခြေနေအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်၊ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့် အဖွဲ့ဝင်များမှ ယနေ့နေလယ်ချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။