အမြို့မြို့အနယ်နယ်သတင်းများ

Mar 18,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများ ကိုမူလတန်းအဆင့် သင်ရိုးသစ် Grade-4 မှနှစ်ဆုံးစစ်ဆေးခြင်းနှင့် အခြေခံပညာအလယ် တန်းဆင့် နှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်းများကို မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့ထိတစ်ရက်လျှင်
Mar 18,2022
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်း ရွေးမြစ်နှင့်နီးကပ်လျက်ရှိသည့် မိုင်(၁/၀-၄/၇) အပိုင်း (ရှောင်ကွင်းလမ်း)အား လမ်းအူကြောင်းသစ် ရွေးချယ်ထားမှုအတွက် မြေယာလျော်ကြေးငွေ ပေးအပ်ခြင်းကို ရွေးနဒီခန်းမ၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်သည်။
Mar 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချူပ်လမ်းဆုံတွင် မီးသတ် ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး Fire Point မီးသတ်စင် မြေနေရာ ချထားခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Mar 18,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း နွေစပါးစိုက် တောင်သူဦးကြီးများ စပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးပြီး ဝင်ငွေတိုးပွားစေရန်အတွက် နွေစပါး စံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ချောင်းဆုံ အနောက်ရပ်ကွက်တွင် ပြုလုပ်ခဲ့ရာ မြို့နယ ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
Mar 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းပြီး ဓာတ်အားအပြည့်အဝသုံးစွဲနိုင်ရန်အတွက် လျှပ်စစ်မီးတိုင်များ အစားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားခွဲရုံများ တိုချဲ့တည်ဆောက်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
Mar 18,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ရှိသူများနှင့် ဒေသခံ ပြည်သူ (၆၆၀) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမ ဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေး ခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
Mar 18,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Mar 18,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများအား ဆဋ္ဌမသုတ် (ဒုတိယအကြိမ်) နှင့် သတ္တမသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့၊ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမစုရပ်၌ ပြုလုပ်ခဲ့သည်။