တံတား မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၁ - ၂၀၂၂ ခုနှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က စတင် ပြုလုပ်ခဲ့သည်။
အဆိုပါ စာမေးပွဲတွင် Grade (4) , Grade (6) , Grade (7) ,Grade (8) ကျောင်းသား/ကျောင်းသူ များကို တစ်နေ့ နှစ်ဘာသာနှုန်းဖြင့် စာသင်ချိန်တစ်ချိန်စာဖြင့် လည်းကောင်း၊ Grade (9) နှစ်ဆုံးစာမေးပွဲကို တစ်နေ့ တစ်ဘာသာနှုန်းဖြင့် ဖြေဆိုချိန် (၂)နာရီဖြင့် လည်းကောင်း၊ သင်ရိုးသစ် Grade (10) ကျောင်းသား/ကျောင်းသူများကို တစ်နေ့နှစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် (၂)နာရီဖြင့် လည်းကောင်း၊ သင်ရိုးဟောင်း Grade (11) အခြေခံပညာ အထက်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း စာမေးပွဲကို တစ်နေ့တစ်ဘာသာနှုန်းဖြင့် ဖြေဆိုချိန် (၃)နာရီဖြင့် လည်းကောင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့် (၁၄၃)ဦး၊ အလယ်တန်းအဆင့် (၁၅၀)ဦး၊ အထက်တန်းအဆင့် (၁၃၅)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၂၈) ဦးတို့ အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်း သိရသည်။
မိုးဖြူလွင်