ဒေးဒရဲ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် များမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီဌာနနှင့် ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရန်၊ ရှောင်ရန်များနှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က မေးမြန်းရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးက အချိန်နေရာမရွေး ဖြစ်ပေါ်လာနိုင်သည့် မျှော်မှန်းမရနိုင်သည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ဆုံးရှုံးမှု နည်းပါးစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေး ဆွေးနွေးသည်။
အေဇာလင်း