အမြို့မြို့အနယ်နယ်သတင်းများ

Mar 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ စီစဉ်မှုဖြင့် ကျေးရွာများတွင် ကြက်ခြေနီလှုပ်ရှားမှုနှင့် ရှေးဦးပြုစုခြင်းများကို ပိုမိုနားလည်ပြီး တပ်ဖွဲ့ဝင်အင်အား ပိုမိုတိုးပွားလာစေ‌ရေး‌ရန် ရည်ရွယ်၍ အ‌ခြေခံရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက်ပိုင်းက မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုက်ဖယ် ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ပြည်နယ်ကျောင်းကျန်းမာရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ကျောင်းကျန်းမာရေးကော်မတီ နာယက ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ ဦးဝင်းရဲထွန်းက ကျောင်းကျန်းမာရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
Mar 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အုပ်စု၊ ချောင်းကမ်းကြီးကျေးရွာ၌ မီးဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သော မီးဘေးသင့် အိမ်ထောင်စု (၁) စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့သည်။
Mar 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉နာရီ က စာမေးပွဲဖြေဆိုနေသော ကျောင်းသား/သူများ၊ ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ရောဂါများ မဖြစ်ပေါ်စေရန် ဆရာ/မများမှ အပူချိန်တိုင်းတာပေးခြင်း၊ ကလေးများကို Mask များ စနစ်တကျတပ်စေခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Mar 18,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက
Mar 18,2022
ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ၂၀၂၂ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို မတ်လ(၁၈) ရက်နေ့က အမကဂွေပင်ချောင်းကျောင်းနှင့် အမကမူလွန် ကဒါ ကမ်းနားကျောင်းများသို့ ဖြန့်ဝေခဲ့သည်။
Mar 18,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်   ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အ​ခြေခံပညာ အလယ်တန်းအဆင့် (Grade-9) နှစ်ဆုံးစာ​မေးပွဲကို မတ်လ ၁၇ ရက်​နေ့မှ စတင်ကာ  မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အမှတ်(၄)အ​​ခြေခံညာအထက်တန်း​ကျောင်း၊ အမှတ်(၆) အ​ခြေခံပညာအထက်တန်း​ကျေားင်း၊ အမှတ်(၇)အ​ခြေခံပညာအထက်​တန်း​ကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့​သည်။