ကျိုက်လတ်၌ ဒေါက်တာကျော်စိန်၏ "လူငယ် လမ်းညွှန်'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ် မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့ နေ့လယ် (၁) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ဒေါက်တာကျော်စိန်၏ "လူငယ် လမ်းညွှန်'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရန်၊ စာပေအကြောင်း အရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူ အသင်းဝင် ဦးအေးမြင့်က “လူငယ်နှင့် ဘာသာရေး” ဆောင်းပါးနှင့် စာပေဝါသနာရှင် ဒေါ်သန္တာဦး က “လူငယ်နှင့် ကြီးပွားရေး” ဆောင်းပါး တို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)