မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၇၁.၉၃ ရာခိုင်နှုန်းထိုးနှံပေးပြီး

မတ္တရာ မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် မြို့အဝင်အထွက်နေရာများ၌ ၁၈ နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးခြင်း ရှိ /မရှိစစ်ဆေးပြီး မထိုးနှံရသေး သူများအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ သည်။

ထို့သို့ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းကာ မတ်လ ၁၈ ရက်နေ့အထိ ပြည်သူ(၁၄၁၂၄၄)ဦးအား ပထမအကြိမ်နှင့် (၆၄၉၉၅)ဦးအား ဒုတိယအကြိမ်အဖြစ် ၇၁.၉၃ ရာခိုင်နှုန်း ကာကွယ်ဆေး များထိုးနှံပေးခဲ့ပြီးဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ