တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

တံတား  မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က နွေရာသီတွင် ဖြစ်တတ်သောရောဂါများနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့် တိုင်းရင်းဆေးကုဌာနမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးမှု အခြေအနေများကို မေးမြန်းဆွေးနွေးရာ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နော်အေးအေးမွန် မှ နွေရာသီတွင် အဖြစ်များသော ရောဂါများနှင့် ပတ်သက်၍ သတိပြု လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အပူဒဏ်မှ ကာကွယ်နိုင်ရန် နည်းလမ်းများ၊ စားသုံးသင့်သော အစားအစာများနှင့် တိုင်းရင်းဆေးကုထုံးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မိုးဖြူလွင်