ဂွမြို့နယ်တွင် (၁၈) နှစ်အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ဂွ မတ် ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  အသက် (၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Phase (6) (Covishield)၊Phase(7)(Covaxin)တို့ကို ဒုတိယအကြိမ် အဖြစ်နှင့် Phase(8)( Covaxin )တို့ကို ပထမအကြိမ်အဖြစ်စုရပ် ၃ ခု၌ ယမန်နေ့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မတ်လ(၁၇)ရက်နေ့က Phase-6(Covishield) ဒုတိယအကြိမ်တွင် နိုင်ငံ့ဝန်ထမ်း/မိသားစု(၁)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း(၁)ဦး၊ အခြားဝင်ငွေရ(၅)ဦး၊ အခြား/ မိသားစု/ မှီခို(၁၀)ဦး စုစုပေါင်း (၁၇) ဦးအားလည်းကောင်း၊ Phase-7(Covaxin) ဒုတိယအကြိမ်တွင် ပုဂ္ဂလိက/ ကျန်းမာရေးဝန်ထမ်း(၂)ဦး၊မသန်စွမ်း(၁)ဦး၊NGO(၁)ဦး၊ သာသနာ့ဝန်ထမ်း(၂)ဦး၊ နိုင်ငံ့ဝန်ထမ်း/ မိသားစု(၂)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း(၂)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း(၆)ဦး၊ supermarket/စျေး(၉)ဦး၊ ပို့ကုန်/သွင်းကုန်ဝန်ထမ်း(၈)ဦး၊ အခြားဝင်ငွေရ(၃၁၂)ဦး၊ အခြား/ မိသားစု/မှီခို(၁၈၉)ဦး စုစုပေါင်း(၅၃၄)ဦးအားလည်းကောင်း၊ Phase(8)(Covaxin) ပထမအကြိမ် တွင် သာသနာ့ဝန်ထမ်း(၁)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း(၂)ဦး၊ အခြားဝင်ငွေရ(၆၃)ဦး၊ အခြား/ မိသားစု/ မှီခို(၂၇)ဦး၊ စုစုပေါင်း(၉၃)ဦးအားလည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေး ရာတွင် ကျန်းမာရေး ဝန်ထမ်း များနှင့်သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများမှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာ ခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကိုစနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန်ကျန်းမာရေး အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများအား မိနစ် ၃၀ ခန့် စောင့်ကြည့်ကာထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်