နောင်ချိုမြို့နယ် အခြေခံပညာကျောင်းများမှ အတန်းအသီးသီးတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲစတင်ဖြေဆို

နောင်ချို  မတ် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများ၌ အတန်းအသီးသီးတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့နံနက် ၉နာရီမှစ၍ ကျောင်းတွင်းစစ်စာမေးပွဲများ ကျင်းပရာ ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

နောင်ချိုမြို့နယ်တွင် အထက (၉)ကျောင်း၊ အ. ထ.က ခွဲ (၁၀)ကျောင်း၊ အလက (၁၁)ကျောင်း အလက ခွဲ (၁၂)ကျောင်း၊ အမကမူလွန်(၃၉)ကျောင်း၊ အမက (၉၈)ကျောင်း၊ အမက ခွဲ(၈) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း စုစုပေါင်း (၁၉၂)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူ(၂၂၁၂၄)ဦးဖြေဆိုခဲ့ကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။

ထွေးငယ်