နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

နွားထိုးကြီး မတ်  ၁၈

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးတို့ ပူးပေါင်း၍ တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် တိုင်းရင်းဆေးခန်းမှ ဒေါ်နှင်းပွင့်ဖြူက တိုင်းရင်းဆေးပညာဆိုသည်မှာ ရောဂါကာကွယ်ရန်၊ ရောဂါရှာဖွေရန်နှင့် ကုသမှု ပြုလုပ်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းများ၊ အပင်ထွက်၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ တွင်းထွက် ဓာတ်သတ္ထုများ ဖော်စပ်ထားသည့် ဆေးပညာရပ် ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေး ပညာရပ်၌ နယကြီး () ပါးအကြောင်းကို အကျယ်ဖွင့် ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်