တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများ ဒုတိယနေ့အေးချမ်းစွာ ဆက်လက်ဖြေဆို

တောင်တွင်းကြီး မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာ ကျောင်းပေါင်း(၂၅၃)ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား(၈၁၄၂)ဦး၊ ကျောင်းသူ(၇၈၉၉)ဦး စုစုပေါင်း(၁၆၀၄၃)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား (၄၈၇၀)ဦး၊ ကျောင်သူ(၅၀၀၀)ဦး၊ စုစုပေါင်း(၉၉၅၅)ဦး၊ အထက်တန်းအဆင့် ကျောင်းသား(၁၀၀၅)ဦး၊ ကျောင်းသူ(၁၂၇၂)ဦးစု စုပေါင်း (၂၂၇၇) ဦးတို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို မိမိတို့သက်ဆိုင်ရာ ကျောင်းများအလိုက် ယနေ့ နံနက်(၉)နာရီအချိန်မှစ၍ ဒုတိယနေ့အဖြစ်အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နှစ်ဆုံးစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး၊ ကျောင်းအတွင်းအပြင် လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)