အမြို့မြို့အနယ်နယ်သတင်းများ

Mar 18,2022
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် စာစစ်ဌာန (၅) ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသားကျောင်းသူ (၁၇၉၃)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
Mar 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Mar 18,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၁၂)နှစ်နှင့် အသက် (၁၈) နှစ်ကြား ကလေးများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်က
Mar 18,2022
ရှမ်ပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် မိုင်းငေါ့ နယ်မြေ မီးသတ်စခန်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့နံနက်(၉)နာရီ အချိန်ခန့်က “မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေး” အသိပညာပေး (Talk Show)ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2022
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကို မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲက ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်း ခန်းမတွင် ကျင်းပခဲ့သည်။​ ရှေးဦးစွာ ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဌေးလွင်က ယခုလို တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ခြင်း ဖြင့် ဒေသခံ‌တောင်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး အပိုဝင်ငွေရရှိ လာမည်‌စေရန်၊ သင်တန်းသူ/ သင်တန်းသားများအနေဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်များအား မိမိတို့၏အိမ်များတွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ယခုလို သင်တန်းမျိုး မကြာခဏဖွင့်လှစ်ပေးနိုင်ဖို့ ထပ်မံကြိုးစားသွားမည်ဖြစ်ကြောင်း  သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။
Mar 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်)၏ “လူကြီးတွေက စပြင်ပါ လူငယ်ခံစားမှု အတွေးစာစုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 18,2022
မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှ တစ်ဆင့်အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ် အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျ သက်သာ စေရန်တို့အတွက်