ရေနံချောင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာနှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ အေးချမ်းစွာဆက်လက်ဖြေဆို

ရေနံချောင်း မတ် ၁

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ကို မတ် ၁၈ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာနှစ်ဆုံးစာမေးပွဲကို ရေနံချောင်းမြို့နယ်၌ မတ် ၁၇ ရက်နေ့ ကစတင်ကျင်းပရာ စာမေးပွဲဖြေဆိုသည့်ပထမနေ့တွင် ရေနံချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ မူလတန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၈၁၄၉ ဉီး၊ အလယ်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ  ၄၀၀၇ ဉီး၊ အထက်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၅၇ ဉီး စုစုပေါင်း ၁၃၂၁၃ ဉီး ၈၄ ဒသမ ၉၁ ရာခိုင်နှုန်း အေးချမ်းစွာဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ စာမေးပွဲဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက အေးချမ်း ပျော်ရွှင်စွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

ရေနံချောင်းမြို့နယ်၌ အခြေခံပညာကျောင်းများ၏ နှစ်ဆုံးစာမေးပွဲကို မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက အေးချမ်းစွာဖြေဆို နိုင်ရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို ယခုလ ၃၁ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုခွင့်လျောက်ထားသူ ၁၁၁၅ ဉီးရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်