ကော့ကရိတ်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေမှုအား ကွင်းဆင်းစစ်ဆေး

ကော့ကရိတ် မတ် ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၃၄၃.၂၈၃) သန်းဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ကွန်ကရစ်လမ်း ၁/၄ မိုင် ခင်းခြင်းလုပ်ငန်း၏ ဆောင်ရွက်ပြီးစီးမှုအခြေနေအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်၊ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့် အဖွဲ့ဝင်များမှ ယနေ့နေလယ်ချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ သွားရောက်စစ်ဆေးရာတွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လည်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ထို့ကော်ကိုး-ကျော်ခို ၂/၀ မိုင်အား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှင့် မြေသားလမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ လမ်းဖောက်လုပ်ပေးခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည်လည်း ယခင်ကထက် ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ တာဝန်ရှိသူထံမှ သိရသည်။

ခင်မျိုးဝင်း