အမြို့မြို့အနယ်နယ်သတင်းများ

Mar 19,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ အသင်း များမှ အားကစားသမားများအား ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ဆက်သည့် အခမ်းအနားကို  ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
Mar 19,2022
ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ကျင်းပသည်။
Mar 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန(ဗဟန်း)၌ မျိုးဆက်သစ်လူငယ်လူရွယ်များနှင့် စာ​ပေချစ်မြတ်နိုး​သော ဝါသနာရှင်များအတွက် မျှဝေလိုသောဝတ္ထုတိုရေးနည်း စာအုပ်မိတ်ဆက်ပွဲကို၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
Mar 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ၂၀၂၂ မူလတန်းမှ အဋ္ဌမတန်း Grade-9  အထိ စာမေးပွဲကိုအခြေခံပညာကျောင်းတို့တွင် ကျောင်းသား ( ၂၀၁ )ဦး၊ ကျောင်းသူ (၂၂၉) ဦး၊ စုစုပေါင်း (၄၃၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊
Mar 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောက်ရှိ မြို့နယ်(၁၂)မြို့နယ်အတွင်းရှိ မြို့နယ်ရုံးစာကြည့်တိုက်များတွင် အသုံးပြုရန်အတွက် ဧကာဒသမ စာစုများစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လူထုအ​ခြေပြု ဗဟိုဌာန(ဗဟန်း) ၌ ကိုဗစ်-၁၉ ကပ်​ရောဂါ ကာကွယ်​ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချင်များနှင့်အညီ ကျင်းပသည်။
Mar 19,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူ (၁၁၀)ဦး ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
Mar 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။