လမ်းမတော် မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ၂၀၂၂ မူလတန်းမှ အဋ္ဌမတန်း Grade-9 အထိ စာမေးပွဲကိုအခြေခံပညာကျောင်းတို့တွင် ကျောင်းသား ( ၂၀၁ )ဦး၊ ကျောင်းသူ (၂၂၉) ဦး၊ စုစုပေါင်း (၄၃၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊
စာမေးပွဲ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား( ၂၃၂ )ဦး၊ ကျောင်းသူ ( ၂၅၄ ) ဦး၊ စုစုပေါင်း (၄၈၆)ဦး ရှိပြီး ကျောင်းသား( ၃၁)ဦး၊ ကျောင်းသူ (၂၅) ဦး၊ စုစုပေါင်း (၅၆)ဦး ဖြေဆိုရန် ပျက် ကွက်ခဲ့သည်၊၊ လမ်းမတော် မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၈၂.၆၅ ရာခိုင်နှုန်း ဖြေဆိုကြရာ၊မတ်လ ၁၇ ရက်နေ့တွင်မြန်မာစာ၊ မတ်လ ၁၈ ရက်နေ့တွင် အဂ်လိပ်စာ၊မတ်လ ၁၉ ရက်နေ့တွင် သချ်ာ၊ မတ်လ ၂၁ ရက်နေ့တွင် ပထဝီဝင်၊ မတ်လ ၂၂ ရက်နေ့တွင် သမိုင်း၊ မတ်လ ၂၃ ရက်နေ့တွင် အထွေထွေသိပ္ပံဘာသာရပ်များကို နံနက် ၉ နာရီမှ ၁၁နာရီအထိ ဖြေဆို ကြရမည်ဖြစ်သည်။
ထိုသို့ လမ်မတော်မြို့နယ်အတွင်း၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာမေးပွဲဖြေဆိုနေမှုများနှင့် ကျောင်းများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေး စည်းကမ်းချက်များနှင့် အညီဆောင်ရွက်ထားမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ် ပညာရေးမှူးတို့က၊ ကွင်ဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်