"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူ (၁၁၀)ဦး ဝင်ရောက်ဖြေဆိုမည်

ဟိုပန်    မတ်   ၁၉

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူ (၁၁၀)ဦး ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိုပန်မြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အထက(ဟိုပန်)ကျောင်းမှ ကျောင်းသား/သူ (၆၃)ဉီး၊ အထက(ခွဲ)ပန်ကောက်မှ ကျောင်းသား/သူ (၂)ဉီးတို့ ရှိကြကာ အတွင်းဖြေ ကျောင်းသား/သူ(၆၅)ဉီး နှင့် အပြင်ဖြေ ကျောင်းသား/သူ (၄၅)ဉီး   စုစုပေါင်း ကျောင်းသား (၃၆)ဉီးနှင့် ကျောင်းသူ(၇၄)ဉီး တို့ဖြစ်ပြီး စုစုပေါင်း ကျောင်းသား/သူ(၁၁၀)ဉီး ဝင်ရောက် ဖြေဆိုရန် စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း ဟိုပန်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အထက(ဟိုပန်)စာစစ်ဌာန တစ်ခုရှိပြီး ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသား/သူ (၁၁၀)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်းနှင့် အဆိုပါ ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို  မတ်လ (၃၁)ရက်​နေ့မှ ဧပြီလ(၉)ရက်နေ့ အထိ  ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)