Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မော်လိုက်မြို့နယ် ထင်းရှူးချောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ထင်းရှူးချောင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေး ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုတို့အား ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့နယ် ဆွတ်နန်းကျေးရွာအနီး၌ ရေဝင်ပေါက်များ ပိတ်ဆို့ကာကွယ်ခြင်းနှင့် တာဘောင် မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာအနီး၌ တိုင်းဒေသကြီး ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရန်ကင်းတောင်ခြေနှင့် မကျီးအင်းရေဝင်ပေါက် ကြားရှိ ရေဝင်ပေါက်များ ပိတ်ဆို့ကာကွယ်ခြင်းနှင့် တာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးမှုတို့အား ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်ခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန် ချက်များအပေါ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညိနှိုင…
Mar 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအပေါ် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ
Mar 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၃)တို့တွင် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား စုရပ် ၃နေရာခွဲ၍ ရပ်ကွက်များအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သွားရောက်ထိုးနှံပေး
Mar 19,2022
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် (Covishield) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက၊ ၇ရပ်ကွက်၊ ဒေသန္တရ ကျန်းမာရေးဌာန၊ (၄)ရပ်ကွက် စုပေါင်းဓမ္မာရုံ၊ (၅)ရပ်ကွက် ဓမ္မာရုံများသို့ အရောက် ရပ်ကွက်နေ ပြည်သူများထံ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်လိုင်းခန်း များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 19,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျီးကန်းပြင် ကျေးရွာ၊ အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးဌာနခွဲရှိ နေအိမ်လိုင်းခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးသရုပ်ပြပွဲ ကျင်းပ
Mar 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးသရုပ်ပြပွဲများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ ဒေါပုံစျေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Mar 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရာခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22035
Page
22036
Page
22037
Page
22038
Current page
22039
Page
22040
Page
22041
Page
22042
Page
22043
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department