အမြို့မြို့အနယ်နယ်သတင်းများ

Mar 19,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ၊ ကျောင်းသား/ ကျောင်းသူလေးများအား ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ရည်ရွယ်လျက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ်လ ၁၉ ရက်နေ့ ၁၂ နာရီအချိန်က မုံရွာမြို့၊ အလုံအထက-၂ ခန်းမ၌   ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
Mar 19,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
Mar 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် လူငယ့်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပသည်။
Mar 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 19,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဆရာကွန်း ခန်းမတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင် အခြေခံပညာဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက  ကျင်းပသည်။
Mar 19,2022
စစ်ကိုင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ “လူငယ်များ စိတ်ဓာတ် မြှင့်တင်ပေး စည်းကမ်းလိုက်နာရေး” အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 19,2022
(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏မိသားစုများ စုပေါင်းသွေး လှူဒါန်းပွဲကို ယနေ့နံနက် ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်တွေ တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။