အမြို့မြို့အနယ်နယ်သတင်းများ

Mar 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက မိဘများအနေဖြင့် ကလေးများကို ကူညီပံ့ပိုးပေးရန်နှင့် ပူးပေါင်းပါဝင်ခွင့်ပေးရန်အတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိဘအသိပညာပေး သင်တန်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းရုံး၊ မူလတန်းကြိုကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပုသိမ်-မုံရွာလမ်းမ‌ကြီး ‌ဘေးရှိ သောင်ကြီးကျေးရွာအုပ်စု၊ တက်ဆိပ်ကျေးရွာ၊ ဇီးတန်းပိုင်း၌ ယနေ့နံနက်ပိုင်းက ပုသိမ်-မုံရွာ လမ်းမကြီးနှင့် ကျေးရွာများ ဆက်သွယ်သည့် ကိုယ်ထူကိုယ်ထ ကွန်ကရစ်တံတားသစ် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
Mar 19,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ရွှေဘိုမြို့၊ အမှတ်(၂) အခြေခံပညာ အထက်ကျောင်းတွင် အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းပြည့် လွှမ်းခြုံနိုင်ရေး ကွင်းဆင်း၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသူများနှင့် ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီး ဓမ္မာရုံတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Mar 19,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများသည်  ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၉၇၂)သိန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် မြို့နယ်ပညာရေးမှူး ရုံးသစ် ဆောက်လုပ်နေမှုအား ယမန်နေ့ညနေ (၄) နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ လာဘမုနိ ဗုဒ္ဓရုပ်ပွားတော် တည်ထားနိုင်ရေး အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို အဘယကုန်းမြေ ယမန်နေ့ နံနက်(၉)နာရီက ကျင်းပသည်။
Mar 19,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် women Club အဖွဲ့ဝင်တို့ပူးပေါင်း၍ ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လက်တွေ့သင်တန်းပေး ကျင်းပပြုလုပ်ခဲ့သည်။
Mar 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်း စာမေးပွဲများကို အေးချမ်းစွာဖြေဆိုကျင်းပလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း ကင်းတပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်းစာမေးပွဲ ဖြေဆိုကျင်းပ နေမှုတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများ က လိုက်လံကြည့်ရှုအားပေးခဲ့ပြီး  ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံကာ ကျောင်းသား/သူများအနေဖြင့် ကျောင်းတွင်းစာမေးပွဲကို စိတ်အေး ချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရန် ကျောင်းပြင်ပလုံခြုံရေးများကို အလေးထား ကြပ်မတ် ဆောင်ရွက်သွားကြရန်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။