လူထုအ​ခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ မျှဝေလိုသော ဝတ္ထုတိုရေးနည်း စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

ရန်ကုန် မတ်လ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန(ဗဟန်း)၌ မျိုးဆက်သစ်လူငယ်လူရွယ်များနှင့် စာ​ပေချစ်မြတ်နိုး​သော ဝါသနာရှင်များအတွက် မျှဝေလိုသောဝတ္ထုတိုရေးနည်း စာအုပ်မိတ်ဆက်ပွဲကို၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင်စာအုပ် ရေးသားသူ၊ စာရေးဆရာဝင်းနွယ်(ပုသိမ်)က စာပေမြင့်မှ လူမျိုးတင့်မည်၊ ဆိုသည့်စကားအတိုင်း၊ နိုင်ငံတော်ဘက်စုံဖွံဖြိုး၊ တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် မျိုးဆက်သစ်လူငယ် လူရွယ်များနှင့် စာ​ပေချစ်မြတ်နိုးသူ ပြည်သူများအတွက် ရည်ရွယ်၍ ဝတ္ထုတို​ရေးနည်းတွင် စာ​ရေးသူသိ​သော အ​ကြောင်းအရာ တစ်ခုကို စာဖတ်သူသိစေလိုသော ရည်ရွယ်ချက်နှင့် စာ​ရေးသူက​ စေတနာသက်​ရောက်၍ နှစ်သက်​သော အ​ကြောင်းအရာတစ်ခုကို စာဖတ်သူလည်း​ စေတနာနိုးကြား နှစ်သက်​စေလို​သော ရည်ရွယ်ချက်များကို သိရှိပြီးဝတ္ထုတို​ရေးနည်းများ အလွယ်တကူ သိရှိနာလည်တတ်ကျွမ်းလာ​စေရန် မျှ​ဝေလို​သော ဝတ္ထုတို​ရေးနည်းစာအုပ်မိတ်ဆက်ပွဲကို ကျင်းပရခြင်းဖြစ်​ကြောင်း ရှင်းလင်း​ပြောကြားသည်။

ဆက်လက်၍ စာအုပ်မိတ်ဆက်ပွဲတွင် မုဒိတာစကားများကို စာ​ရေးဆရာများဖြစ်ကြ​​သော ရန်နှောင်(ပညာ​ရေး)၊ သန်လျင်​မောင်​မောင်ဦး၊​ မောင်ချစ်(သူရဲသမိန်)၊​ မောင်မြင့်​အောင်၊ သက်​ဝေ​​မောင်တို့က အသီးသီး​ပြောကြားကြသည်။

အဆိုပါ မျှဝေလို​သောဝတ္ထုတို​ရေးနည်းစာအုပ်တွင် ဝတ္ထုအ​ကြောင်း၊ ဝတ္ထုတို၊ ဝတ္ထုတိုဆိုတာ ဘာလဲ၊ ဝတ္ထုတိုဘယ်လို​ရေးမလဲ၊​ ခေါင်းစဉ်ဘယ်လိုတပ်မလဲ၊ က​လောင်အမည် ဘယ်လို​ရွေးမလဲ၊ ဘယ်လိုအဆုံးသတ်မလဲ၊ ဝတ္ထုတို​ရေးရာတွင် သတိပြုရမည့်အချက်များ စသည်များ ပါဝင်​ ရေးသားထားသည့်အတွက်၊ အလွယ်တကူ သိရှိလေ့လာနိုင်သည့် စာအုပ်​ကောင်း တစ်အုပ် ဖြစ်​ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)