ရန်ကုန် မတ်လ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောက်ရှိ မြို့နယ်(၁၂)မြို့နယ်အတွင်းရှိ မြို့နယ်ရုံးစာကြည့်တိုက်များတွင် အသုံးပြုရန်အတွက် ဧကာဒသမ စာစုများစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြု ဗဟိုဌာန(ဗဟန်း) ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချင်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် စာအုပ်စီစဉ်သူ၊ စာရေးဆရာဝင်းနွယ် (ပုသိမ်)က စာပေမြင့်မှ လူမျိုးတင့်မည်၊ ဆိုသည့် စကားအတိုင်း၊ နိုင်ငံတော် ဘက်စုံဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး တို့အတွက်၊ ပြည်သူများစာများများ ဖတ်လာစေရန်နှင့် စာပေများဖတ်ရှုပြီး ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ စာအုပ်များ လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဧကာဒသမ စာစုများ (ကလောင်စုံ)ပါဝင်သည့် စာအုပ်များကို ကဗျာစာရေးဆရာ တူးမောင်က ပေးအပ်လှူဒါန်းရာ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လက်ခံရယူသည်။
ဆက်လက်၍ စာအုပ်များပေးအပ်လှူဒါန်းခဲ့သည့်အတွက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)