လှိုင်းဘွဲ မတ် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာလင်းသန့်က ကလေးငယ်များအနေဖြင့် လူအများရှေ့တွင် ပြောရဲဆိုရဲသော အကျင့် ကောင်းများ ရရှိလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုး တိုးတက်လာပြီး အသိပညာ ဗဟုသုတများ ပိုမိုရရှိလာစေရန်နှင့် ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စိန်ဖရန်စစ် ဇေးဗီးယာ မူကြိုကျောင်းမှ မူကြို ကလေးငယ်များအား (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြို ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ ဘောလုံး လက်ဆင့်ကမ်းပြိုင်ပွဲနှင့် ခုံလုပြိုင်ပွဲတို့ကို မူကြိုကလေးငယ်များက ပျော်ရွှင်စွာ ပါဝင် ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရှိရသည်။
စောဒ (ပြန် / ဆက်)