အမြို့မြို့အနယ်နယ်သတင်းများ

Mar 19,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် (ရွာသစ်ကြီး)တို့ ပူးပေါင်း၍ သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက ဖွံဖြိုးရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 19,2022
၂၀၂၂ ခုနှစ်၊ မြန်မာသက္ကရာဇ်(၁၃၈၃)ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 19,2022
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍   ယမန်နေ့နံနက် (၉)နာရီက  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် (Covishield) ကာကွယ် ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက၊ ၇ရပ်ကွက်၊ ဒေသန္တရ ကျန်းမာရေးဌာန၊ (၄)ရပ်ကွက် စုပေါင်းဓမ္မာရုံ၊ (၅)ရပ်ကွက်ဓမ္မာရုံများသို့ အရောက်ရပ်ကွက်နေ ပြည်သူများထံ သွားရောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 
Mar 19,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေ (၃)နာရီခွဲက ကချင်ပြည်နယ်ပညာဦးစီးဌာန၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်း အသိပညာပေး‌ ဟောပြော ရန်နှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
Mar 19,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယခုလ ၃၁ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲ က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 19,2022
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 19,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာအလယ်တန်းအဆင့် (Grade-9) နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို မတ်လ ၁၇ ရက်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အထက (၁) ဘူးသီးတောင်၊ အထက (၂) ဘူးသီးတောင်၊ အထက-လက်ဝဲဒက်ပုဇွန်ချောင်း၊ အကထ-တောင်ဘဇာ၊ အထက-စေတီတောင်၊ အထက-ညောင်ချောင်း၊ အထက(ခွဲ) အလက(၃)၊ အထက(ခွဲ) အလက (၂)၊အထက (ခွဲ) ဖုံညိုလိပ်၊ အထက(ခွဲ) ဖောင်တော်ပြင်၊ အထက(ခွဲ)ကထီးလှ၊ အထက(ခွဲ) စည်တောင်၊ အထက(ခွဲ) သေကံခွဆုံ၊ အလက- စကခ (၁၅)၊ အလက- စက်ခေါ်၊ အလက-ပန်းကုံးမ၊ အလက- ကကျဘက်၊ အလက(ခွဲ)မြို့သစ်၊ အလက(ခွဲ) သပြေကုန်း၊ အလက(ခွဲ) ကွန်တိုင်၊ အလက(ခွဲ)ဓပြုချောင်း၊ အလက(ခွဲ) သိမ်တောင်၊ အလက(ခွဲ) စိမ့်ညင်းပြား၊ အလက(ခွဲ) ဓားပိုင်ဆရာ၊ အလက(ခွဲ) ဝရကျွန်းဒိုးတန်း၊ အလက(ခွဲ) ငကျဉ်တောက်၊ အလက(ခွဲ) ပြည်ရှည်၊ အလက(ခွဲ) လောင်းချောင်းစသည့် စာစစ်ဌာနများတွင် (အင်္ဂလိပ်)ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။