အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ အ.မ.က(ကမ်းဇော်တော)ကျောင်း၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 11,2022
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံပြပွဲအခမ်း အနားအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင်၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင် ပြုလုပ်သည်။
Sep 11,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကာကွယ်ထိန်းချုပ်ရေး (Mask Campaign) နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၈)နာရီခွဲအချိန်က နမ္မတူမြို့နယ်၊ မြို့မဈေးကြီးအတွင်းနှင့် အနီးဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း စီမံချက်-၂” ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀နာရီက အခြေခံပညာ အထက်တန်းကျောင်း၌ ‌ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ထို့သို့ဆောင်ရွက်ပေးနေမှုများကို ခရိုင်စီမံဉက္ကရေးအဖွဲ့ ဥက္ကဌ ဦးကျော်သောင်းနှင့် အဖွဲ့များကလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မက်မန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများက မက်မန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌  “ပန်းခင်းစီမံချက်-၂”ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ၃(က)မှ ၆(က)လဲလှယ်သူ(၁)ဦး၊ အိမ်ထောင်စုစာရင်းပြုလုပ်သူ (၆၃)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ် ထောင်စုလူဦးရေစာရင်း များဆောင်ရွက်ပေးနေမှုများကို ကြည့် ရှုအားပေးခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Sep 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ဒဂုံမြို့နယ်၊ ပြည်အ​ရှေ့ရပ်ကွက် မြို့မ​ကျောင်းလမ်းရှိ သီရိ​ဇေယျုံကျောင်းတိုက်တွင် သန့်ရှင်းသာယာလှပစေရေးနှင့် လေကောင်းလေသန့်ရရှိရေး၊ ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်အန္တရာယ် ကင်းဝေးစေ​ရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက် ၇နာရီမှ ၁၀ နာရီအထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2022
ရန်ကင်းမြို့နယ်တွင် ၉.၉.၂၀၂၂ ရက်နေ့ စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၃  နာရီက ရန်ကင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး ၌ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 11,2022
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကမာရွတ်မြို့နယ်ရှိ သတ်မှတ်နေရာ များတွင် ဆန်၊ ဆီ၊ ကြက်ဥများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများက လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
Sep 11,2022
ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် ၈ နာရီအချိန်က အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (လွိုင်ကော်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ဆန်နှင့် စားသောက်ရေးအတွက် ထပ်ဆောင်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။