Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး( Booster) စတင်ထိုးနှံပေး
Sep 11,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀)နာရီက အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း (Booster) စတင်ထိုးနှံခြင်း ကို အဆိုပါ ကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော နိုင်ငံ တစ်ဝှမ်းလုံးရှိ လာချိဒ်တိုင်းရင်းသားကျောင်းသား၊ ကျောင်းသ…
Sep 11,2022
ကချင်ပြည်နယ် လာချိဒ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၁၉ မှ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲများတွင် မြန်မာတစ်နိုင်ငံလုံးရှိ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော လာချိဒ်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအုပ်စု၊ ခကွမ်ကျေးရွာရှိ လာချိဒ်ရိုးရာ ယဉ်ကျေးမှုကွင်း အတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္တာကြံ့ခိုင်ဖွံ့ဖြိုးစေရန်နှင့် ဉာဏ်ရည် ထက်မြက်စေရန် ရည်ရွယ်၍ နွားနို့နှင့် ကြက်ဥများတိုက်ကျွေး
Sep 11,2022
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္တာကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် ထက်မြက်စေရန်နှင့် နွားနို့သောက်သုံးသော အလေ့အကျင့်ကောင်းများ ရှင်သန်တိုးပွား စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကြီးမှူးဆောင်ရွက်သည့် တောင်ကြီးမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေးရေးအစီအစဉ် (School Milk Program) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂)၊ အခြေခံပညာ မူလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် လူငယ်နှင့် အွန်လိုင်းအကြောင်း အသိပညာပေး Talk Show ကျင်းပ
Sep 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆယ်ကျော်သက် လူငယ်လူရွယ်လေးများ အွန်လိုင်းအသုံးပြုခြင်းနှင့် ပတ်သက်၍ သိကောင်းစရာ များကို စာရေးဆရာ မောင်နေအေး (G.T.I)နှင့် ရန်ကင်းမြို့နယ်ရုံးမှ ဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၉ နာရီ ၅၀ အချိန်က လူငယ်နှင့် အွန်လိုင်းအကြောင်း အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသင်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Sep 11,2022
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မွန်ပြည်နယ်၊ သထုံခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသင်းအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက သုဝဏ္ဏဝတီမြို့ရှိ အေးမြဖြူစင် လူမှုကယ်ဆယ်ရေးအသင်း ရုံး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာဟောပြောပွဲအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်သုခ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက် သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ
Sep 11,2022
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတကြွယ်ဝတိုးတက်စေရန်နှင့် ကမ္ဘာ့ အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင် သည့် ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့် အောက်တိုဘာ ၅ ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာ များနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီခွဲက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ ၁/၂၀၂၂ လုပ်ငန်း ညှိနှိုင်း အစည်းဝေးကျင်းပ
Sep 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၏ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ ၁/၂၀၂၂ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၉ ရက်နေ့ ညနေက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16156
Page
16157
Page
16158
Page
16159
Current page
16160
Page
16161
Page
16162
Page
16163
Page
16164
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department