ရန်ကင်း စက်တင်ဘာ ၁၁
ရန်ကင်းမြို့နယ်တွင် ၉.၉.၂၀၂၂ ရက်နေ့ စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီက ရန်ကင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး ၌ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီဖွင့်လှစ်ရောင်းချ နိုင်ရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန်၊ ဈေးများ၊ စာသင်ကျောင်းများ၊ လမ်းများတွင် ပိုးသတ်သန့်စင်ဆေးရည် ဖျန်းခြင်းနှင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာ စစ်ကြောင်းများအလိုက် တာဝန်ရှိသူများမှ ဆောင်ရွက်ရန်လုပ်ငန်းများအား အသီးသီးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)