ကျွန်းစုမြို့နယ်ရှိ အ.မ.က (ကမ်းဇော်တော)ကျောင်း၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ကျွန်းစု စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ အ.မ.က(ကမ်းဇော်တော)ကျောင်း၌ လူကုန်ကူးမှု အန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁)နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက်နှင့် လူကုန်ကူးမှုဆိုတာဘာလဲ လူကုန်ကူးမှုခံရခြင်း၏ အသွင်ပြင်လက္ခဏာများ၊ လူကုန်ကူးခံရသည့် အဓိကအကြောင်းအရာများကို ဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က လူကုန်ကူးမှုအန္တရာယ် သတိပြု ရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသသော အသိပညာပေး နံရံကပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။

စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)