အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၄) အခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင် ယမန်နေ့ နံနက်(၉)နာရီက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2022
ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှု ပြန်လည် မြင့်တက်လာသည့်အတွက် မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးကြိုတင်ပြင်ဆင် ခြင်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်များအလိုက် ကိုဗစ်-ရောဂါပိုး စစ်ဆေးခြင်း၊ လူထုအသွားအလာများသည့် နေရာများတွင် ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များကို ပြန်လည် လှုံ့ဆော်အသိပညာပေးခြင်း၊ ကာကွယ်ဆေး များထိုးနှံပေးခြင်း၊ Mask Campaign ပြုလုပ်ပေးခြင်းများကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်ပန်းမြို့ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်၊ တပ်ဖွဲ့စိတ်မှူး ရဲအုပ် ဝင်းညွှန့်ဦး ဦးဆောင်၍ အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ကလောမြို့မရဲစခန်းအနီးတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်နှင့် အမှတ်တံဆိပ် ဆိုင်းဘုတ်ပိုစတာဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 11,2022
ပဲခူးမြို့ ညောင်အင်းကျေးရွာ၊ ညောင်အင်းစက်မှုဇုန်ရှိ မယ်လိုဒီဖိနပ်စက်ရုံတွင် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ် အချိန်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Sep 11,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာ​နေပြည်သူများ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့၌ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာတို့ရှိ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Sep 11,2022
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောခြင်းကို စားသောက်ဆိုင်များနှင့် ကာရာအိုကေဆိုင်များရှိ ဝန်ထမ်း၊ အလုပ် သမားများအား ယမန်နေ့ နေ့လယ်(၁)နာရီက သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ ကလောင်စုံ ရေးသားထားသော “ပညာရှိရာသို့ ခြေလှမ်းများစွာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Sep 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့သော်လည်း ယနေ့နံနက်အစောပိုင်းမှစ၍ ရေများတဖြည်းဖြည်း ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။