အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် ကျရောက်မည့် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ လေယာဉ်ကွင်းလမ်း၊ ကျိုင်းတုံမြို့တော် ခန်းမရှေ့တွင် ကျင်းပသည်။
Sep 11,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စု(၁၆)စုအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နေ့လည်ပိုင်း က ကမမောင်းမြို့ ဝါကော်ကျေးကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Sep 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉)နာရီက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 11,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း က ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 11,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော အသက်(၂၅)နှစ်အောက် တိုင်းအဆင့် ဝူရှူးလူရွေးပြိုင်ပွဲကို ရွှေတောင်မြို့နယ်၊ အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Sep 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့နေ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ ဘက်ရဲမြို့ဈေးနှင့် တာကြီးတန်း လမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားလာစေရေးအတွက် မိုဘိုင်းစနစ်ဖြင့် အထက ကြိုသက်ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်၊စာစောင်များအား လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Sep 11,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။