မက်မန်း စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း စီမံချက်-၂” ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀နာရီက အခြေခံပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ထို့သို့ဆောင်ရွက်ပေးနေမှုများကို ခရိုင်စီမံဉက္ကရေးအဖွဲ့ ဥက္ကဌ ဦးကျော်သောင်းနှင့် အဖွဲ့များကလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မက်မန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများက မက်မန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ “ပန်းခင်းစီမံချက်-၂”ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ၃(က)မှ ၆(က)လဲလှယ်သူ(၁)ဦး၊ အိမ်ထောင်စုစာရင်းပြုလုပ်သူ (၆၃)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ် ထောင်စုလူဦးရေစာရင်း များဆောင်ရွက်ပေးနေမှုများကို ကြည့် ရှုအားပေးခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ကိုင်ဆောင်နိုင်ရေးအတွက် မြို့ပေါ်နှင့်ကျေးရွာအုပ်စုများအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)