ကော့သောင်း စက်တင်ဘာ ၁၁
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံပြပွဲအခမ်း အနားအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင်၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက လူသား အချင်းချင်း ရောင်းကုန်အဖြစ် ပြုမှုကာ လူမှောင်ခိုကူးသည့် ပြသနာများ ယနေ့ကမ္ဘာနှင့် အဝှမ်း ကြီးမားသည့်ပြဿနာ တစ်ရပ်အဖြစ် နိုင်ငံတိုင်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရသဖြင့် မျိုးဆက်သစ် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု ဖြစ်စဉ်များအကြောင်း သိကောင်းစရာများ၊ နယ်စပ် ဒေသဖြစ်၍ လူကုန်ကူးသူများ အန္တရာယ်မှ ကင်းဝေးနိုင်ရေး ကျောင်းသား၊ ကျောင်းသူအရွယ်များ လိုက်နာ ဆောင်ရွက်ရမည့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေး ဟောပြောပြီး လူမှောင်ခိုနှင့် လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ် စာစောင်များနှင့် သတိပြုလိုက်နာရမည့် ဗဟုသုတဖြစ်ဖွယ်ဓာတ်ပုံများအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)