အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  မြောင်းမြမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေး ချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၁)နာရီက ရွာသာကြီးကျေးရွာအုပ်စုနှင့် စကမြားကျေးရွာအုပ်စုတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2022
ကယားပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၈/၂၀၂၂)ကို စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် ကော်မတီဝင်များ တက်ရောက် ကြသည်။
Sep 11,2022
တော်သလင်းလ လှေသဘင်ပွဲတော်ကို ပြန်လည်ဖော်ဆောင်သောအားဖြင့် မြန်မာတို့၏ ရိုးရာ ယဉ်ကျေးမှုဖြစ် သော ရိုးရာလှေလှော်ပြိုင်ပွဲကို ဘားအံမြို့ ကန်သာယာရေပြင်၌ ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခန့်က ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသည်။
Sep 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအနေဖြင့် သီးနှံကောင်း၊ မျိုးစေ့ကောင်း ထုတ်လုပ်ဆောင်ရွက်နိုင်ရန်ကို ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဓာတ်မြေဩဇာ သို လှောင်ရုံမှ ယူရီးယားဓာတ်မြေဩဇာများကို မြို့နယ်တွင်းမှ မိုးရာသီမျိုးစေ့ထုတ်တောင်သူများနှင့် စံပြစမ်းသပ်ကွက် စိုက်ပျိုးသော တောင်သူများအား ဈေးကွက်အတွင်းမှ ပေါက်ဈေးထက် လျှော့ပေါ့ကာ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
Sep 11,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီ အသင်းခွဲတို့ပူးပေါင်း၍ ကမ္ဘာ့ရှေးဦးပြုစု ခြင်းနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။
Sep 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီ ခွဲခန့်က ကျိုက်လတ်မြို့နယ်ကြက်ခြေနီ အသင်းခွဲ မှ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပခဲ့သည်။
Sep 11,2022
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ယု ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ (၂၁)ဌာနပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့နံနက်ပိုင်းနှင့်‌နေ့လယ်ပိုင်းတို့တွင် မော်လမြိုင်မြို့နယ်၊ ကော့ခမယ်ကျေးရွာနှင့် ကြာအင်းကျေးရွာများသို့ ကွင်းဆင်း၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Sep 11,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယနေ့နံနက် ၉ နာရီက ခရမ်းမြို့နယ်၊ အမှတ် ( ၉ )ရပ်ကွက် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် အခြေခံလက်လုပ် လက်စား ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချေပေးခဲ့ကြောင်း သိရသည်။