အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။
Sep 11,2022
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတကြွယ်ဝတိုးတက်စေရန်နှင့် ကမ္ဘာ့ အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင် သည့် ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ များကို အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်၌ ယမန်နေ့ နေ့လယ် ၁ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
Sep 11,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်‌နေ့ နံနက် ၉ နာရီက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ များ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 11,2022
အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသော အားဖြင့် ပဲခူတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှ စက်တင်ဘာ ၉ ရက်က စုပေါင်း သွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။
Sep 11,2022
ပြည်သူများ စိုက်ပျိုးရေးဆိုင်ရာများနှင့် ပတ်သက်ပြီး သိရှိနားလည်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက် ၉ နာရီက ရွှေပြည်သာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်မြင့်နှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး Talk Show ကို ကျင်းပ ပြုလုပ်ခဲ့သည်။
Sep 11,2022
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီက ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ထောင်စုဝင် ပြည်သူများထံ ပေးအပ်ခဲ့ သည်။
Sep 11,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ယမန်နေ့ နံနက် ၁၀ နာရီအချိန် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။