Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လပွတ္တာမြို့နယ်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Sep 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့ညနေ (၃)နာရီချိန်တွင် ခရိုင်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့်ကန် ဘက်ကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း မဟာအောင်မြေစံဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၌ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ထော်ကျေးရွာဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့တွင် မျိုးဥဆောင်ငါးသလောက်ငါးများ တားမြစ်ကာလအတွင်း ဖမ်းဆီးခြင်းမပြုစေရေး အသိပညာပေးဆောင်ရွက်
Sep 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနသည်ရွေးမြစ်ဝမှ ရွေးမြစ်ကြောင်းတစ်လျှောက်၊ ပြန်မလော့မြစ်ဝမှ ပြန်မလော့မြစ်ကြောင်းတစ်လျှောက်တွင် ဥချသားပေါက်ရန် ရေချိုသို့ဆန်တက်လာသည့် ဥဆောင်ငါးသလောက်ငါးများအား နှစ်စဉ် စက်တင်ဘာ(၁၅)ရက်နေ့မှအောက်တိုဘာလ(၁၅)ရက်နေ့အထိ ဖမ်းဆီးခြင်းမပြုလုပ်ကြရန် အမိန့်ကြော်ငြာစာဖြင့် တားမြစ်ချက်အပေါ် ရေလုပ်သားများသိရှိလိုက်နာစေရေး အသိပညာ ပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီချိန်ကမြစ်ကြောင်းမျာတစ်လျှောက်ကွင်းဆင်း၍ အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပေးတားမြစ်ချက် ပိုစတာများ စိုက်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအားကြည့်ရှု
Sep 11,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်တွင် မွန်ပြည်နယ် အစိုးရ အဖွဲ့မှ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအတွက် စားသောက်ကုန် စည်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် အခြေခံစားကုန် နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သော လူနေအိမ် (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှ…
Sep 11,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၌ စက်တင်ဘာလ (၅)ရက်နေ့နှင့် (၆)ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သောလူနေအိမ် (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည် နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Sep 11,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်တွင်းကြီးတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာ သော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က စျေးရပ်ကွက်၊ မြို့မစျေးအနီးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Sep 11,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို စဉ်ကူးမြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 11,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ က မချမ်းဘော့မြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16150
Page
16151
Page
16152
Page
16153
Current page
16154
Page
16155
Page
16156
Page
16157
Page
16158
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department