လပွတ္တာ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနသည်ရွေးမြစ်ဝမှ ရွေးမြစ်ကြောင်းတစ်လျှောက်၊ ပြန်မလော့မြစ်ဝမှ ပြန်မလော့မြစ်ကြောင်းတစ်လျှောက်တွင် ဥချသားပေါက်ရန် ရေချိုသို့ဆန်တက်လာသည့် ဥဆောင်ငါးသလောက်ငါးများအား နှစ်စဉ် စက်တင်ဘာ(၁၅)ရက်နေ့မှအောက်တိုဘာလ(၁၅)ရက်နေ့အထိ ဖမ်းဆီးခြင်းမပြုလုပ်ကြရန် အမိန့်ကြော်ငြာစာဖြင့် တားမြစ်ချက်အပေါ် ရေလုပ်သားများသိရှိလိုက်နာစေရေး အသိပညာ ပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီချိန်ကမြစ်ကြောင်းမျာတစ်လျှောက်ကွင်းဆင်း၍ အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပေးတားမြစ်ချက် ပိုစတာများ စိုက်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများအား မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းအောင်နှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးရေချို ငါးလုပ်ငန်းဥပဒေပုဒ်မ-၇၈(ခ)တွင် အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ငါးသယံဇာတ များရေရှည်တည်တံ့စေရန်အတွက် မျိုးဆောင်ငါးသလောက်ငါးများ ရွေ့လျားသွားလာရာ မြစ်ကြောင်းကြီး(၄)ခုအတွင်း ငါးသလောက်မျိုးငါးများ ဖမ်းဆီးခြင်းမပြုရန် အမိန့်ကြော်ငြာစာ အမှတ်-၇/၂၀၂၂ တားမြစ်ချက်အပေါ် ရေလုပ်သားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ၊ငါး သယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ဖမ်းဆီးထုတ်လုပ်နိုင်စေရန်၊ ကျေးလက်နေရေ လုပ်သားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန်၊ ငါးသယံဇာတများ ဝိုင်းဝန်းထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ ရေလုပ်သားများရေရှည်အကျိုးစီးပွားများ အတွက်မျှော်မှန်း၍ တားမြစ်ထုတ်ပြန်ရခြင်းအပေါ်သိရှိလိုက်နာ၍ ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်း နိုင်ရန် ရည်ရွယ်၍ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)