စဉ့်ကူးမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

စဉ့်ကူး စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို စဉ်ကူးမြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် “အကျွန့်ဆရာ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အလယ်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးနှင့် အထက်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)