Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တံတားဦးမြို့နယ်တွင် ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စဉ်ဆက်မပြတ်ကွင်း…
Sep 11,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စဉ်ဆက်အပြတ် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက တံတားဦးမြို့နယ် ချောင်းခွကျေးရွာအုပ်စု ချောင်းခွကျေးရွာ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ ပေါ်ဆန်းကြီးစပါးစိုက်ချိန် ပြောင်းလဲစိုက်ပျိုးမှုအား တက်ရောက်ကြည့်ရှုအားပေး
Sep 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် မိုးစပါးတစ်ဧက အထွက်နှုန်း တင်း ၈၀ နှင့်အထက် ထွက်ရှိရေး နည်းပညာအရ ပေါ်ဆန်းကြီး စပါးကို စိုက်ချိန်ပြောင်းလဲစိုက်ပျိုးလျက်ရှိသော ဒေးဒရဲမြို့နယ် ဆင်ကူးကျေးရွာရှိ တောင်သူ ဦးထွန်းမြင့်အောင်၏ မိုးစပါး စိုက်ဧက (၄၀)တွင် မိုးစပါး စိုက်ပျိုးနေမှုအား ယနေ့ နံနက်(၉) နာရီက မြို့နယ် စိုက်တိုးမြှင့်အဖွဲ့နှင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားကျင်းပ
Sep 11,2022
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအခမ်းအနားကို ယနေ့ နံနက်(၈)နာရီ အချိန်က အဆိုပါရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့ လမ်းပိတ်ဆို့လဲကျနေသည့် စိန်ပန်းပင်အား မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်း
Sep 11,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အမှတ်(၆)၊ အောင်မြေသာရပ်ရှိ အမှတ်(၄) လမ်းထဲတွင် ယမန်နေ့ညနေ ၄ နာရီအချိန်က စိန်ပန်းပင်လဲကျ၍ လမ်းပိတ်စို့နေခြင်းအား ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးစီးအရာရှိထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်
Sep 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ မဟာနီလာ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရေ…
Sep 11,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က စစ်ကိုင်းမြို့၊ စစ်ကိုင်းစက်မှုဇုန်အတွင်းရှိ မဟာနီလာ နှစ်ဘီး၊ သုံးဘီး ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းထုတ် လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိရာ စက်ရုံအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်နီလာအေးက စက်ရုံတည်ဆောက်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာကိစ္စရပ် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မင်းကွန်းဒေသခရီးစဉ် လှည့်လည်ပြသရေးဆိုင်ရာ ဧည့်လမ်းညွှန်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
Sep 11,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး၊ တိပိဋကနိကာယကျောင်းတိုက် ဓမ္မာရုံတော်တွင် ကျင်းပပြုလုပ်သော မင်းကွန်းဒေသခရီးစဉ် လှည့်လည်ပြသရေးဆိုင်ရာ ဧည့်လမ်းညွှန် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြရာ အခမ်းအနားတွင် ရှေးဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က မင်းကွန်းဒေသခရီးစဉ် လည့်လည်ပြသရေးဆိုင်ရာ ဧည့်လမ်းညွှန်မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုးရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ ဆွမ်းဆန်၊ ဆီဆက်ကပ်လှူဒါန်း
Sep 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်၊ ဆီ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်းကွန်း တောင်ရိုး၊ တိပိဋကဓမ္မနာဒ ပရိယတ္တိစာသင်တိုက်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16147
Page
16148
Page
16149
Page
16150
Current page
16151
Page
16152
Page
16153
Page
16154
Page
16155
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department