နတ်မောက်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

နတ်မောက် စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်တွင်းကြီးတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က စျေးရပ်ကွက်၊ မြို့မစျေးအနီးတွင် ပြုလုပ်ခဲ့သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ  ဆန်(၁)ပြည် ၁၂၅၀ ကျပ်၊ ဆီ(၅၀)ကျပ်သား ၂၇၀၀ ကျပ်၊ ကြက်ဥ(၅)လုံး ၉၀၀ ကျပ်၊ ကြက်သား(၁) ပိဿာ ၇၂၀၀ ကျပ်၊ အမဲသား(၁)ပိဿာ ၁၀၀၀၀ ကျပ်နှင့် ဟင်းသီးဟင်းရွက်အမျိုးစုံကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)