လပွတ္တာ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့ညနေ (၃)နာရီချိန်တွင် ခရိုင်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့်ကန် ဘက်ကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း မဟာအောင်မြေစံဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီးဇွဲ သူဟိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီးကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စများ၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာကိစ္စရပ်များ၊ ရေလုပ် ငန်းကဏ္ဍဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာဒေသခံပြည်သူ (၁၂၀၀)ဦးတက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တက်ရောက်ကြသည့် ဒေသခံပြည်သူများမှ တင်ပြသည့်အခက်အခဲများအား သက်ဆိုင်ရာခရိုင်အဆင့်ဌာနဆိုင်ရာများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ကန်ဘက်ကျေးရွာ၊ ကွက်သစ်(၁)ရပ်ကွက်ရှိ ရိုးမမိုက်ကရိုပါဝါကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဆိုလာပြား တပ်ဆင်ထားမှုနှင့် ဆက်သွယ်ရေးဖုန်းတာဝါတိုင် တည်ဆောက်ထားမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆက်လက်၍အထက-ကန်ဘက်တွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေများ၊ ၁၆ကုတင်ဆံ့ကန်ဘက်တိုက်နယ်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ကန်ဘက်နယ်မြေရဲစခန်း၌ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)