နမ္မတူ စက်တင်ဘာ ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၌ စက်တင်ဘာလ (၅)ရက်နေ့နှင့် (၆)ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သောလူနေအိမ် (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည် နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ အကြီးတန်းစာရေး ဒေါ်မြတ်သူနှင်းတို့က လေပြင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် လုံးဝပျက်စီးခဲ့သည့် ဟူးဆာ ကျေးရွာအုပ်စု လုံဂျာကျေးရွာရှိ လူနေအိမ် (၁)လုံး၊ မိုင်းတက်ကျေးရွာအုပ်စု မိုင်းဆင်ကျေးရွာရှိ လူနေအိမ် (၂)လုံး တို့အတွက် တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပလပ်စတစ်ပုံး (၃)ပုံးအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဟူးဆာကျေးရွာအုပ်စု လုံဂျာကျေးရွာရှိ လူနေအိမ် (၂)လုံး၊ ပန်လုံကျေးရွာအုပ်စု မန်ဆာကျေးရွာရှိ လူနေအိမ် (၄)လုံး၊ မိုင်းတက်ကျေးရွာအုပ်စု မိုင်းဆင် ကျေးရွာရှိ လူနေအိမ် (၄) လုံး စုစုပေါင်း လူနေအိမ် (၁၀)လုံးတို့အတွက် တစ်အိမ်လျှင် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၅၀၀၀၀)ကျပ်နှုန်းဖြင့် (၅၀၀၀၀၀)ကျပ်အားလည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု (၁၃)စု လူဦးရေ (၈၉)ဦးတို့အတွက် တစ်ပတ်စာဆန်ဖိုးရိက္ခာငွေ (၁၈၆၉၀၀)ကျပ်နှင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၂၈၆၉၀၀)ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေးသက်ဆိုင်ရာ ကျွေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။
လူမော် (ပြန်/ဆက်)