အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ပြုလုပ်ခဲ့သည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေးအတီးပြည်နယ် အဆင့်ပြိုင်ပွဲနှင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season 2 ပြိုင်ပွဲတို့တွင် ဆုအသီးသီးရရှိခဲ့ကြသည့် မြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့ များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သထုံမြို့၊ လေယာဉ်ကွင်းဟောင်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 11,2022
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ အိမ်ထောင်ရှိ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခဲ့ခြင်းကို ယနေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။
Sep 11,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရှင်အဇ္ဇဂေါဏဘုရားပရဝဏ်အတွင်း ယနေ့ နံနက် ၈နာရီခွဲအချိန်က ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဇေယျသိဒ္ဓိစာသင်တိုက်၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ သီလှရှင်ဆရာကြီး ဒေါ်ခေမာစာရီ အမှုပြုသော ကုသိုလ်ရှင်များမှ ညောင်ဦးမြို့ အတွင်းရှိ ပင့်သံဃာ ၁၂၀ ပါး၊ သီလရှင်ဆရာလေး ၁၀၈ ပါး၊ အသက် ၇၅ နှစ်အထက် အဘိုး အဘွား ၁၂၀ ဦးအား ဆန်၊ ဆီ၊ ဆား၊ မုန့်မျိုးစုံနှင့် ဝတ္ထုငွေများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Sep 11,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန်မျိုး ရိုးဗီဇ ပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွား မှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက်အချိန်က လူစည်ကားရာ လမ်း ဆုံလမ်းခွများနှင့် အမ္ဗနဒီ စျေး​ရှေ့၌ ဒေသခံပြည်သူများ စျေးဝယ်သူများအား Mask Campaign အသိပညာပေး ဆောင်ရွက်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်အသိ ပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 11,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သမဝါယမအသင်းစု၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီ အချိန်က အဆိုပါ သမဝါယမအသင်းစုခန်းမ၌ ကျင်းပကြောင်း သိရသည်။
Sep 11,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပားတောင်ကလပ်တွင် နှစ်စဉ်ကျင်း ပမြဲဖြစ်သည့် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲ/ အောင်ပွဲကြီးကို စက်တင်ဘာ(၁၁)ရက် (တော်သလင်းလပြည့်ကျော် ၂ ရက်) နေ့တွင် အနယ်နယ်အရပ်ရပ်မှ ယုံကြည်ကိုးကွယ်သူများ၊ နယ်လှည့်ဈေးသည်များ၊ ဒေသခံဈေးသည်များဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
Sep 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ အကောင်းအဆိုး၊ အမှား/အမှန်ကို ဝေဖန်ပိုင်းခြား နိုင်စေရန်၊ စာဖတ်စွမ်းရည်ထက်မြက် လာစေရန်နှင့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နံနက် ၉ နာရီမှ ၁၁ နာရီအထိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 11,2022
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီး၊ ဓာတ်ခွဲဌာနနှင့် သွေးလှူဘဏ်၌ ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်း၍ သွေးလုံးရေ(၅၀)ကျော် လှူဒါန်းကြသည်။