မော်လမြိုင် စက်တင်ဘာ ၁၁
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့မှ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအတွက် စားသောက်ကုန် စည်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်နယ်ဆန်လုပ်ငန်းရှင်များ အသင်း၊ ဆီလုပ်ငန်းရှင်များအသင်းတို့မှ ပူးပေါင်း၍ ဆန်တစ်ပြည်လျှင် ၁၅၀ဝိ/-နှုန်း၊ ဆီတစ်ပိဿာလျှင် ၅၂၀ဝိ/- သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုအားလည်းကောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်မှ တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များက အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)