မော်လမြိုင် စက်တင်ဘာ ၁၁
ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှု ပြန်လည် မြင့်တက်လာသည့်အတွက် မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးကြိုတင်ပြင်ဆင် ခြင်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်များအလိုက် ကိုဗစ်-ရောဂါပိုး စစ်ဆေးခြင်း၊ လူထုအသွားအလာများသည့် နေရာများတွင် ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များကို ပြန်လည် လှုံ့ဆော်အသိပညာပေးခြင်း၊ ကာကွယ်ဆေး များထိုးနှံပေးခြင်း၊ Mask Campaign ပြုလုပ်ပေးခြင်းများကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အဝေးပြေးကားဝင်း၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများမှ အသိပညာပေး ဆောင်ရွက်နေမှု၊ Mask များ အခမဲ့ ဝေငှခြင်း အစီအစဉ် Mask Campaign ပြုလုပ်ဆောင်ရွက်နေမှု အပေါ် ကြည့်ရှု အားပေးခဲ့သည်။ ထိုနောက်မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကာကွယ်ဆေး ထပ်ဆောင်း Booster အား ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးနေမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)