ဘားအံခရိုင် Community Centre တွင် စာရေးဆရာ ကလောင်စုံ ရေးသားထားသော “ပညာရှိရာသို့ ခြေလှမ်းများစွာ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဘားအံ စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ ကလောင်စုံ ရေးသားထားသော “ပညာရှိရာသို့ ခြေလှမ်းများစွာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။             

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင် ဆရာဦးစောတင်မောင်စိန်က ပညာဆီအရောက်လှမ်းကြမယ်၊ အတက်လည်း သင်ချင်ပါသည်၊ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း စသည့် ခေါင်းစဉ်များဖြင့်  လည်းကောင်း၊  ဘားအံခရိုင် Book Club အဖွဲ့ဝင် ဆရာဦးငွေသန်းက ပညာရှိရာသို့ ခြေလှမ်းများစွာ စာအုပ်တွင်ပါဝင်သည့် အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာ၊ ဝိဇ္ဇာ အမောဟ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နဲ့ ဘဝကိုတည်‌ဆောက်နိုင်မဲ့အရာ၊ ပညာစရိုက်နှင့်ပညာဉာဉ် စသည့် ခေါင်းစဉ်များ ဖြင့်ဆွေးနွေးခဲ့ရာ တက်ရောက်လာသော Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ ပညာစံအိမ်ကိုယ်ပိုင် အထက်တန်းကျောင်း၊ ကရင်ဘော်ဒါဆောင်၊ ကျောင်းသား/သူများ၊ စာပေဝါသနာရှင် လူငယ်များ စုစုပေါင်း (၂၅)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘားအံခရိုင် (ပြန်/ဆက်)