လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောခြင်းကို စားသောက်ဆိုင်များနှင့် ကာရာအိုကေဆိုင်များရှိ ဝန်ထမ်း၊ အလုပ် သမားများအား ယမန်နေ့ နေ့လယ်(၁)နာရီက သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့က မြို့သစ်မြို့နယ် သန်းကုန်းကျေးရွာတွင် ဖွင့်လှစ်ထားသော country star ကာရာအိုကေနှင့် စား သောက်ဆိုင်ရှိ ဆိုင်ရှင်၊ ဝန်ထမ်းအလုပ်သမားများအား လူကုန်ကူးမှုနှင့် ပတ်သက်သည့် အန္တရာယ်ဆိုးကျိုးများ၊ ရှောင်ရန်/ ဆောင်ရန်များကို အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောကြခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့သစ်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော ကာရာအိုကေဆိုင်နှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)